အရွယ်တင်တဲ့ ဦးနှောက်ဖြစ်ဖို့ရာဝယ်
ရုပ်ရည်ရူပကာတင် အရွယ်တင်လို့ ရတာမဟုတ်ပါဘူး။ ဦးနှောက်ကိုလည်း အရွယ်တင်အောင် လုပ်ဆောင်လို့ ရပါတယ်။ ဒီတော့ ဦးနှောက်အရွယ်တင်ဖို့ ဘာတွေ လုပ်ကြမလဲ? ဆိုပြီး တွေးနေပြီလား။ ဒါဆိုရင်တော့ တွေးမနေဘဲ ကိုယ်တိုင် လိုက်လုပ်ကြည့်လိုက်ရအောင်လား။
- ဦးနှောက်ကို လှုံ့ဆော်ပေးပါ
ဦးနှောက်ကို တွေးခိုင်းတာမျိုး လုပ်ပေးတာက ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြောဆဲလ်တွေကြားက ချိတ်ဆက်မှုကို ကောင်းစေဖို့ လှုံ့ဆော်ပေးပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်ကို အရွယ်တင်စေဖို့လည်း ထောက်ကူပေးပါတယ်။ အာရုံကြောဆဲလ်တွေ လျော့ပါးတာကိုလည်း ကာကွယ်ရာရောက်ပါတယ်။
ပဟေဠိတွေ အဖြေထုတ်တာ၊ စကားလုံးတွေ ဆက်တာကလည်း ဦးနှောက်အရွယ်တင်စေဖို့ ထောက်ကူပေးပါတယ်။
- ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်း လုပ်ပေးတာက ဦးနှောက်ထဲမှာ ရှိတဲ့ သေးငယ်တဲ့ သွေးကြောလေးတွေ အရေအတွက်ကို တိုးစေနိုင်သလို အောက်ဆီဂျင်တွေ ရောက်ရှိစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒီအခြေအနေက ဦးနှောက်ဆဲလ်တွေကြား ချိတ်ဆက်မှု ကောင်းစေပြီး ဦးနှောက် အရွယ်တင်စေဖို့ ထောက်ကူပေးမှာပါ။
- အစားအသောက် ဂရုစိုက်ပါ
အာရုံကြောကျန်းမာစေဖို့ ဦးနှောက်အရွယ်တင်စေဖို့လည်း အာဟာရ ပြည့်ဝမှုက အတော်လေး အရေးပါပါတယ်။ ဦးနှောက်အရွယ်တင်စေဖို့ဆိုရင် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါး၊ အခွံမာသီးတွေ၊ မပြည့်ဝဆီတွေနဲ့ အပင်ကနေရတဲ့ ပရိုတင်းတွေက ဦးနှောက်အရွယ်တင်စေဖို့လည်း ထောက်ကူပေးမှာပါ။
- သွေးပေါင်ချိန်ကို ထိန်းညှိပါ
သွေးတိုးတာက သိမြင်မှုစွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးတာက ဦးနှောက်ကို ထိခိုက်စေနိုင်ပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကလည်း ဦးနှောက်အရွယ်တင်စေဖို့ တစ်ဖက်တစ်လမ်းက ထိန်းညှိရာရောက်ပါတယ်။ အရက်လျှော့ သောက်ပါ။ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။ အာဟာရ ပြည့်ဝမျှတအောင် စားပါ။
- သွေးတွင်းသကြားဓာတ် ထိန်းပါ
ဆီးချိုရှိတာက သူငယ်ပြန်စေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့အတွက် အစားအစာ ဂရုစိုက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန် လုပ်တာ၊ ဆေးမှန်မှန်သောက်တာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။
- သွေးတွင်းအဆီထိန်းပါ
သွေးတွင်းအဆီများတာ သူငယ်ပြန်စေနိုင်ပါတယ်။ ဒါကြောင့် အနေအထိုင် အစားအသောက် ဂရုစိုက်တာ၊ ကိုယ်အလးချိန် ထိန်းတာတွေက သွေးတွင်းအဆီဓာတ်ကို ထိန်းညှိရာရောက်ပြီး ဦးနှောက်ကို အရွယ်တင်စေမှာပါ။
- ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်၊ ဆေးရွက်ကြီးတွေကို အသုံးမပြုဘဲ ဖြတ်လိုက်တာက ဦးနှောက်ကို အရွယ်တင်စေဖို့ အားဖြည့်ပေးနိုင်မှာပါ။
- အရက်ဖြတ်ပါ
အရက်သောက်တာက ဦးနှောက် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အရက်ဖြတ်ပါ။
- ရယ်မောပါ
ဟာသတွေ ဖတ်တာ၊ ရယ်မောတာက စိတ်ကြည်လင်စေပြီး ဦးနှောက်ကို အရွယ်တင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
- အနားယူပါ
အရမ်းပင်ပန်းလာချိန်မှာ အလုပ်တွေ ဖိလုပ်တာမျိုး မလုပ်ဘဲ အနားယူလိုက်ပါ။ ဒီလို အနားယူလိုက်တာက ဦးနှောက်ကို အရွယ်တင်စေဖို့ အားဖြည့်ပေးနိုင်မှာပါ။
မွန်မွန်